News - Best-Company-to-Work-in-Myanmar-Award-2023

Best Companies to Work in Myanmar - Employee's Choice Award


BCIM2023

08 Dec 2023

The Best Companies to Work in Myanmar (BCIM) Award was presented to Global Technology, which won the award.JobNet.com.mm, one of Myanmar's leading job portals, announced the winners on its website on the 30th of Nov 2023.

The BCIM Awards aim to acknowledge companies that excel in providing a conducive work environment in Myanmar and contribute to the overall growth of the country. It serves as a platform for recognizing and promoting various employers and industries in Myanmar.

Deloitte, a well-known consulting firm, partnered with BCIM and conducted a comprehensive evaluation to determine the winners. The award winners were selected based on their practices and performance, recognized by Deloitte.

The ever-evolving business landscape in Myanmar has led to an increase in competition among companies. Brands that maintain a strong presence and win the trust of the people are considered the top players in the market. Mr. Matt Geluca, the Managing Director of JobNet Group, mentioned, "We are proud to support and acknowledge companies that create job opportunities and contribute to the development of the country."


BCIM2023
BCIM2023
BCIM2023



JobNet Group's Managing Director, Mr. Matt Geluca, highlighted the importance of recognizing businesses and industries that actively create employment and positively impact the economy. He mentioned that the BCIM Online Survey 2023 and the Employee Engagement Survey, which received 70,000 responses, provide valuable insights for organizations to improve their performance and meet employee expectations.

The BCIM Survey evaluates:
  1. Company Purpose and Strategic Alignment
  2. Management and Leadership
  3. My Work
  4. Communication and Teamwork
  5. Personal Growth and Development Opportunities
  6. Recognition, Reward, and Benefits
  7. Work Environment.

A total of seven key areas are assessed to determine the overall satisfaction and engagement of employees. The findings from this survey provide valuable insights into the strengths and areas for improvement within companies. JobNet.com.mm acknowledges the significance of these insights in enhancing employee engagement and promoting a positive work culture for the success of businesses in Myanmar.

The Best Company to Work in Myanmar (BCIM) has been awarded to Global Technology, a prominent player in Myanmar's technology sector. This prestigious award, presented by BCIM, recognizes Global Technology's outstanding contributions to the workplace environment and its commitment to employee satisfaction. The company has earned this accolade for both the years 2022 and 2020, demonstrating its consistent dedication to creating an exceptional work atmosphere.


BCIM2023
BCIM2023



Global Technology Group excels in providing a wide range of services in the ICT sector, including voice and data communications, local infrastructure, cloud computing solutions, and technology consultancy. The company focuses on innovative solutions and advancements in areas such as Infrastructure as a Service (IaaS), Platform as a Service (PaaS), and Software as a Service (SaaS). Its commitment to digital development and adherence to global technology standards positions Global Technology as a key contributor to Myanmar's evolving digital landscape.

The Managing Director of Global Technology Company, Mr. Min Swe Hlaing, emphasizes the importance of Leadership Commitment for the company's success. He highlights the need for strong leadership skills and a commitment to excellence, emphasizing the significance of teamwork and collective achievement. The Managing Director expresses the company's dedication to fostering a positive workplace environment and recognizes the individual and collective efforts that contribute to the company's growth.

The Chairman of Global Technology Company, Mr. Shane Thu Aung, acknowledges the company's recognition as one of the "Best Companies to Work in Myanmar." He attributes this achievement to the collective efforts of the Global Technology Group and emphasizes the importance of engagement and a positive workplace for employee satisfaction. The Chairman also mentions the awards received for outstanding engagement practices and expresses his commitment to further improving the company's work environment.

The CEO of Global Technology Company, Mr. Thein Than Toe, also expresses appreciation for the recognition from Jobnet and praises the employees for their dedication. He encourages employees to pursue their careers and personal development, emphasizing the importance of individuals who strive for success in both professional and personal aspects. Furthermore, the CEO discusses the company's focus on digital transformation and highlights the significance of an augmented connected workforce in the current technological landscape.

BCIM2023


The 2023 Best Companies to Work in Myanmar Awards (BCIM) celebrate the Global Technology Company's significant contributions and the unwavering dedication of its employees. Over the past two years, the company's achievements, problem-solving skills, and teamwork have been consistently recognized, reflecting a commitment to excellence and continuous improvement. This recognition motivates the team to strive for continued success, emphasizing the importance of collaboration, innovation, and a positive workplace culture.

The acknowledgment received in these prestigious awards underscores the company's dedication to fostering an environment that encourages professional growth, creativity, and employee well-being. As the company builds on this success, it remains committed to maintaining high standards of excellence and cultivating a positive, collaborative atmosphere that supports the ongoing success of the Global Technology Company in Myanmar.



Best Companies to Work in Myanmar - Employee's Choice Award ကို ထပ်မံရရှိ


၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ - ၂၀၂၃ ခုနှစ်အတွက် မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများကို ပေးအပ်သည့် Best Companies to Work in Myanmar (BCIM) Award ကို Global Technology ကုမ္ပဏီက ထိုက်တန်စွာ ဆွတ်ခူးရရှိကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ထုတ်ပြန်အပ်ပါသည်။မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီ (BCIM) ဆုရရှိသည့် ကုမ္ပဏီများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် JobNet.com.mm မှ ၎င်းတို့၏ Website တွင် တရားဝင် ကြေညာခဲ့သည်။


BCIM2023

BCIM Awards သည် ကုမ္ပဏီများအတွက် အဆင့်များကို သိမြင်နိုင်စေရန် မြန်မာနိုင်ငံရှိ အခြားအဖွဲ့အစည်းများနှင့် နှိုင်းယှဉ်၍ စံပြုသတ်မှတ်ပေးသည့် လွတ်လပ်သော platform တစ်ခုဖြစ်ပါသည်။

BCIM ပရိုဂရမ်သည် တရားဝင်အတည်ပြု ပါတနာအဖြစ် Deloitte ထံမှ ထောက်ခံမှုကို ရရှိခဲ့ပြီး စစ်တမ်း ရလဒ်များကို Deloitte နှင့် အရည်အချင်းပြည့်မီသော အကောင်းဆုံးကုမ္ပဏီများက စီစစ်ပေးပါသည်။

BCIM2023
BCIM2023


မြန်မာနိုင်ငံ အလုပ်အကိုင်ဈေးကွက်များမှာ ယှဉ်ပြိုင်မှုတွေပြင်းထန်လာပြီး ကုမ္ပဏီတွေက Brand ကို ထိပ်တန်းအဖွဲ့အစည်းတွေထဲကို တတ်နိုင်သမျှ အကောင်းဆုံး ဆွဲဆောင်နိုင်ဖို့ နည်းလမ်းတွေ အမြဲရှာဖွေနေပါတယ်” ဟု အလုပ်အကိုင်အခွင့်အလမ်းများပေါင်းများစွာကို ရှာဖွေပေးနေသည့် platform တစ်ခုဖြစ်သော JobNet Group ၏ MD Mr.Matt Geluca က ပြောကြားခဲ့သည်။

၎င်းဆုအတွက် ပါဝင်ယှဉ်ပြိုင်သောကုမ္ပဏီကြီးများအနေဖြင့် 2023 BCIM Online Survey, မေးခွန်းပေါင်း (၇၀) ပါဝင်သော Employee Engagement Survey, ဝန်ထမ်းများ၏ အတွေ့ အကြုံနှင့်ပတ်သက်၍ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ဖြေဆိုခဲ့ရပါသည်။ BCIM Survey ကို

(၁) Company Purpose and Strategic Alignment
(၂) Management and Leadership
(၃) My Work
(၄) Communication and Teamwork
(၅) Personal Growth and Development Opportunities
(၆) Recognition, Reward and Benefits
(၇) Work Environment ဟူသော အချက်အလက်ပေါင်း (၇) ချက်အပေါ် မူတည်တိုင်းတာခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ဆုရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်အနေဖြင့် ဆုရရှိသည့် ကုမ္ပဏီများက စံသတ်မှတ်ချက်တစ်ခုအား ဈေးကွက်တွင် ပြသနိုင်မှာဖြစ်သလို နောင်လာမည့် အခွင့်အလမ်းသစ်များ၊ ကုမ္ပဏီနှင့် ၎င်းတို့၏ ဝန်ထမ်းများအကြား Employee Engagement နှင့် စိတ်ကျေနပ်စေမှုများ တိုးပွားလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု JobNet.com.mm က ဖော်ပြထားသည်။


အဆိုပါ The Best Company to Work in Myanmar (BCIM) ဆုကို နှစ်စဉ် ချီးမြှင့်နေကြဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်တွင်လည်း BCIM Award (Best Companies to Work in Myanmar) ဆုကို မြန်မာနိုင်ငံသားပိုင် Global Technology ကုမ္ပဏီက ရွေးချယ်ခံခဲ့ရပါသည်။ထို့ကြောင့် ယခုဆု ရရှိခြင်းသည် (၃) ကြိမ်မြောက် ရရှိခြင်းဖြစ်ပါသည်။


Global Technology Group သည် စီးပွားရေးလုပ်ငန်းများသို့ ICT နည်းပညာများဖြစ်သည့် မိုဘိုင်းအသံနှင့် ဒေတာဆိုင်ရာ Infrastructure များ၊ Cloud Computing ဝန်ဆောင်မှုများ၊ အိုင်တီဝန်ဆောင်မှုများနှင့် နည်းပညာအကြံပေးခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်ပါသည်။ ထို့အပြင် ကုမ္ပဏီအနေဖြင့် နိုင်ငံအနှံ့အပြား၌ Digital စီးပွားရေးစနစ်ဖြစ်ပေါ်လာစေရန် ဦးစားပေး အားထုတ်ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီ၏ အခြေခံအဆောက်အအုံ - Infrastructure တစ်ခုလုံး၌ Infrastructure As a Service, Platform As a Service အပြင် Software As a Service ဝန်ဆောင်မှုများပါ ပြုလုပ်ပေးလျက်ရှိသည်ဟု သိရှိရသည်။


ဒီဂျစ်တယ်ခေတ်၌လည်း မြန်မာကုမ္ပဏီတစ်ခုနေဖြင့် ရှေ့တန်းရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် Global Technology Group ၏ ကျယ်ပြန့်သော ဒေတာကွန်ရက်များနှင့် Infrastructure - အခြေခံအဆောက်အအုံများသည် ပြည်တွင်း၌ အဓိက စီးပွားရေးမြို့ကြီးများ၏ ကျောထောက်နောက်ခံအဖြစ် အထောက်အကူပြုပေးလျက်ရှိပါသည်။ကုမ္ပဏီအနေဖြင့် မီဒီယာကဏ္ဍတွင်လည်း မြန်မာနိုင်ငံရှိ ရုပ်သံလိုင်းများ ကွန်ရက် တည်ဆောက်ခြင်းနှင့် အရည်အသွေးမြှင့်တင်ခြင်းလုပ်ငန်းများအား ဦးဆောင်ကုမ္ပဏီတစ်ခုအဖြစ် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများလည်းရှိနေသည်။၎င်းအပြင် ဆက်သွယ်ရေးနှင့် နည်းပညာ ဝန်ဆောင်မှုအပိုင်းတွင် ခေတ်မှီနည်းပညာများကို မြန်မာနိုင်ငံသို့ ပထမဦးဆုံး ဝန်ဆောင်မှုပေးနိုင်ခဲ့သော ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်သလို မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာသမိုင်းတွင် ကမ္ဘာအနှံ့ရှိ နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီများနှင့် နည်းပညာပိုင်းဆိုင်ရာဝန်ဆောင်မှုများကို ပထမဆုံး ချိတ်ဆက် ဝန်ဆောင်မှုပေးနိုင်ခဲ့သော တစ်ခုတည်းသော မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုဖြစ်သည်ဟုလည်း သိရှိရပါသည်။


BCIM2023


Global Technology Company ၏ Managing Director ဦးမင်းဆွေလှိုင် က “ဒီလို ဆုရဖို့အတွက်ဆိုရင် ကျွန်တော်တို့အနေနဲ့ Leadership Commitment ရှိမှသာ ကမ္ဘာကျော်ကုမ္ပဏီကြီးတွေနဲ့ယှဉ်ပြိုင် ရယူနိုင်မှာ ဖြစ်ပါတယ်။ဒီဆုက ကျွန်တော်တို့အတွက် ခြေလှမ်းစဖို့ အားယူလိုက်တဲ့ ခွန်အားတစ်ရပ်ပဲဖြစ်ပါတယ်။တစ်ဦးတစ်ယောက်ချင်း တော်လို့တတ်လို့ဆိုတာထက် အားလုံးရဲ့ ပါဝင်မှု၊ Leadership Skill ကောင်းမွန်မှုတွေကြောင့် ရရှိတာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကုမ္ပဏီမှာရှိနေတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီအတွက် ဂုဏ်ယူပါတယ်” ဟု ပြောကြားခဲ့ပါသည်။


BCIM2023


Global Technology Company ၏ Chairman ဦးရှိန်းသူအောင် ကလည်း “Best Companies to Work in Myanmar ထဲမှာ ကျွန်တော်တို့ Global Technology Group က ပါဝင်တာဟာ အားလုံးရဲ့ ကြိုးစားအားထုတ်မှုစုပေါင်းအားနဲ့ရလာတဲ့ Collective Achievement ပါပဲ။ ဒီလိုမျိုး ကုမ္ပဏီအဖွဲ့အစည်းတွေမှာ အလိုအပ်ဆုံးဖြစ်တဲ့ Engagement တွေ၊ workplace တွေကို ကျွန်တော်တို့ ဒီလောက်တောင် လုပ်ထားလို့လည်း ဒီလို Engagement နဲ့ပတ်သက်တဲ့ Award တွေရတာပါ။ ဒီထက်လည်း ကျွန်တော်တို့အနေနဲ့ ဒီဟာတွေကို ခြေလှမ်းအနေနဲ့အားယူပြီးတော့ ဆက်လက်ကြိုးစားကြပါမယ်” ဟု ပြောကြားသွားခဲ့သည်။


BCIM2023


Global Technology Company ၏ CEO ဦးသိန်းသန်းတိုးက “အရင်ဆုံး JobNet အဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက တစ်ဦးတစ်ယောက်ချင်းတိုးတက်ချင်တဲ့သူတွေ၊ Career Life တွေမှာ Career တွေကို တိုးတက်ချင်တဲ့သူတွေ၊ ကိုယ့်ရဲ့အတတ်ပညာနဲ့ social Contribution အများဆုံးလုပ်ချင်တဲ့သူတွေ try သင့်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ Digital Transformation တောက်လျှောက်လုပ်လာတာ အအောင်မြင်ဆုံးကတော့ workplace ပေါ့။ ဒီကနေ ဆက်စပ်ပြီးတော့ Other Digital Transformation Internet System တွေလုပ်နေတယ်။ အခုဂါနာနဲ့ ၂၀၂၃ The latest Technology trend မှာဆိုရင် augmented connected workforce ပါ ပါတယ်။ ခု ကျွန်တော်တို့ သွားနေတဲ့ trend က အဲ့ဒီကို သွားနေတာပါ။ ဒီဆုရအောင် ပြင်ဆင်ပေးတဲ့အဖွဲ့တွေ၊ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပါဝင်မှုတွေ၊ engagement တွေရအောင်လုပ်ပေးတာတွေအတွက် အားလုံးကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။


2023 Best Companies to Work in Myanmar Awards ရရှိခြင်းနှင့်ပတ်သက်ပြီး ဗြိတိသျှကုန်သည်ကြီးများအသင်းနှင့် မြန်မာနိုင်ငံ ဟောင်ကောင်ကုန်သည်ကြီးများအသင်းတို့ကိုလည်း ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။


ယခုလို နှစ်စဉ်နှစ်တိုင်း အကောင်းဆုံးလုပ်ငန်းခွင်အဖြစ်သတ်မှတ်ခံရခြင်းဟာ ဝန်ထမ်းများအားလုံးရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်အားထက်သန်မှုနှင့် teamwork များ ကြောင့် ရရှိခဲ့ခြင်းဖြစ်သည့်အတွက် အားလုံးကို ကျေးဇူးတင်သလို ရှေ့ဆက်ပြီး အောင်မြင်မှုတွေ ထပ်မံရရှိအောင် အတူတူ ဆက်လက်ကြိုးစားသွားရမည် ဖြစ်ပါသည်။