News - PSS 2020

Please stay strong,
as our 5BB team members will always be there for Myanmar people/citizens.


yangon

October 14, 2020

For the first time in the 21st century, the outbreak of COVID-19 has become one of the biggest global epidemics which has caused flights and countries to close borders to each other. As these situations happen, it has been extremely difficult for our people to help each other out during these harsh times, where even foreigners return to their own countries.


However, in Myanmar…


We may be a poor little country, but our Myanmar people always lend a hand where it is needed. In accordance with the fact that our community is very strong that if there is an emergency, the people of Myanmar will help each other, like how our 5BB Broadband is one of the organizations that made the earliest decision to participate in the prevention of COVID-19, and this has won over the hearts of our 5BB customers/users. (Or) This action has helped us put smiles on our countless 5BB users/customers.


Since the very first outbreak of COVID-19 in Myanmar, 5BB has always been there to give the necessary assistance to every Myanmar citizen. As a leading organization in technology, 5BB has accumulated information about the requirements, utilizing specialized technical assets and donated PPE suits and face masks to the needs. Through a series of challenges, 5BB donated all the essentials to more than 30 hospitals and community centers countrywide after receiving requests for assistance from hospitals and healthcare facilities around the nation as well as from local volunteers. Along with the progress, the anesthesiologists, physicians, and hospital administrators from different states reached out to us to express their requirements, and from those requests we subsequently realized that our 5BB team needed to do more. Therefore, the organization has decided to put more effort in strengthening the COVID-19 protection program.


yangon
yangon
yangon

In order to facilitate the process of transferring the COVID-related supplies to Chin State, Rakhine State, and other regions such as Sagging, Mandalay, and Yangon, we imported all of the supplies from China, America, and Japan. Moreover, we also provided technical support to the additional Paungyi covid-19 treatment center, other sanatoriums such as KanK Gaw, Padauk, and ICU wards for the deterioration of covid disease. Despite the threat of coronavirus, our tech engineers from 5BB Broadband did everything they could to install data communication networks, which are necessary to provide excellent support in COVID treatments.


For patients with general diseases being treated at Phongyi, we found out the critical need for data communication between doctors at Phongyi and well-known & experienced doctors from outside. Our 5BB team immediately addressed the issues as the doctors from Phongyi always have to make rounds to the patients, and because COVID-19 is a fast-spreading disease, if worst were to come and all doctors and health professionals were infected by COVID-19, it may be difficult to continue treating other patients. Therefore, our 5BB broadband has fulfilled the need for a modern & efficient treatment system through video communication, which is important communication between the doctor and the patient, in order to reduce the risk of the virus from infecting doctors and other people.


As for the thousands of patients who come to Phongyi COVID-19 treatment center everyday and also for the doctors treating them, 5BB has provided 24/7 nonstop unlimited data connections for essential Video Communications with their beloved family & friends to discuss their healthcare and various important activities throughout the entire day, and not only that, our 5BB team has provided other critical needs for the Phongyi COVID-19 treatment center in every possible way. In addition to that, our 5BB team has also put up with a third level of aid to those additional requests for help from the Community Base Quarantine Centers such as Inya Center and Ahlone Quarantine Centers.


Together with everyone who is using 5BB, the members of the 5BB team strive to help with the mindset that they must be the one who helps and saves our people during these tough times when the citizens of Myanmar are suffering. According to what the World Health Organization (WHO) and the health department announced, if the COVID-19 virus causes mental health issues, it will be considered a bigger threat to society. Therefore, when talking with loved ones, factors such as emotional support, stress relief and calmness are important, which have already been checked and cared for by the 5BB Broadband. Helping ever since the beginning of the COVID-19 pandemic storm, the 5BB team will continue helping even when we are in the middle of the eye of the COVID-19 storm. 5BB broadband will always be there for the people of Myanmar.

အားတင်းထားကြပါ မြန်မာပြည်သူပြည်သားတို့
သင်တို့အတွက် 5BB အဖွဲ့သားများကအမြဲရှိနေမှာပါ ။


yangon

အောက်တိုဘာလ ၁၄, ၂၀၂၀

ကျွန်တော်တို့ရဲ့ နိုင်ငံဟာဆင်းရဲပေမယ့် ကျွန်တော်တို့ပြည်သူတွေဟာ အချင်းချင်း ကူညီကြတယ် အရေးကြုံလာလို့ရှိရင် ကျွန်တော်တို့ ပြည်သူတွေကပဲ တစ်ယောက်ကိုတစ်ယောက် ကူညီသွားကြတယ်ဆိုတဲ့ community အားကအင်မတန်မှ အားကောင်းတယ်ဆိုတာနဲ့ အညီ ကျွန်တော်တို့ရဲ့ 5BB Broadband ဟာ COVID 19 ကာကွယ်တားဆီးရေးမှာ တစ်တတစ်အား ပါဝင်ဖို့အတွက် အစောဆုံး ဆုံးဖြတ်ချက် ချခဲ့တဲ့ အဖွဲ့အစည်းထဲမှ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်ရှင် ဒါကလည်း 5BB ကိုသုံးစွဲနေကြတဲ့ မိဘပြည်သူတွေနဲ့အတူ အားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်စေပါတယ်


မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ပထမလှိုင်း စတင်ဖြစ်ပေါ်ကတည်းက 5BB အနေနဲ့ မြန်မာပြည်သူ ပြည်သားတွေကို လိုအပ်တဲ့ အကူအညီပေးဖို့အတွက် အဆင်သင့်ရှိနေခဲ့တာပဲဖြစ်ပါတယ် နည်းပညာပိုင်းမှာ အမြဲဦးဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တာနဲအညီ နည်းပညာအရင်းအမြစ်များဖြင့် Dataအချက်အလက်များ ကောက်ယူပြီး PPE ဝတ်စုံများနဲ့ MASK များကို အမှန်တကယ် လိုအပ်တဲ့နေရာများသို့ လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်ရှင် တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံတွေ ကျန်းမာရေးစင်တာတွေနဲ့ Volunteer အဖွဲ့သားများက တိုက်ရိုက်ဆက်သွယ်လာတဲ့ အပေါ်မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆေးရုံပေါင်း 30 ကျော် နှင့် community စင်တာများကို COVID ပထမလှိုင်းကတည်းက အတားအဆီးများကို ကျော်လွန်၍ တိုက်ရိုက်ပေးပို့ လှူဒါန်းခဲ့တာဘဲ ဖြစ်ပါတယ် ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ မေ့ဆေးဆရာဝန်ကြီးတွေ ကုသရေး ဆရာဝန်ကြီးတွေနဲ့ ဆေးရုံအုပ်ကြီးတွေ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ် လာပြီးတော့ သူတို့ရဲ့လိုအပ်ချက်တွေကို ပြောပြလာတဲ့အခါမှာ 5BB အဖွဲ့သားအနေနဲ့ ပိုပြီးတော့ လုပ်ပေးဖို့ လိုသေးတယ်လို့ ထပ်မံတွေ့ရှိခဲ့ရပြီးတော့မှ COVID 19 ကာကွယ်ရေးမှာ ယခုထက်ပိုပြီးပါဝင်ဖို့အတွက် တစ်ကုမပဏီလုံး အတိုင်းအတာဖြင့် ဆုံးဖြတ်ချက်ချပြီးတော့မှ ထပ်မံအားဖြည့်ဆောင်ရွက် ခဲ့တာ ပဲဖြစ်ပါတယ်



yangon
yangon
yangon

ချင်းပြည်နယ် ရခိုင်ပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီး မန်းတလေး တိုင်းဒေသကြီး နဲ့ ရန်ကုန်တိုင်းဒေသကြီး စတဲ့ တိုင်းဒေသကြီး အသီးသီး တို့ကို COVID 19 နဲ့ ပတ်သက်လို့ လိုအပ်သည်များကို အဆင်ပြေအောင် တရုတ်နိုင်ငံ အမေရိကန်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကနေ တင်သွင်းပြီးမှ ပေးပို့ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ် အဲဒီနောက် တိုးပွားပြန့်နှံလာတဲ့ COVID 19 ရောဂါ အခြေအနေကြောင့် တိုးမြှင့်ဖွင့်လှစ်လိုက်ရတဲ့ ဖောင်ကြီး COVID 19 ကုသရေး စင်တာ ထပ်တိုးဆောင်များဖြစ်ကြတဲ့ ကံ့ကော်ဆောင် ၊ ပိတောက်ဆောင် ၊ ICU အဆောင်များသို့ နည်းပညာပိုင်းဆိုင်ရာများကို ထပ်မံ ကူညီပေးခဲ့တာပဲဖြစ်ပါတယ် ဆရာဝန်ကြီးများ၏ ကုသရေးတွင် များစွာအထောက်အပံ့ဖြစ်စေမယ့် မရှိမဖြစ်လိုအပ်တဲ့ Data communication ကွန်ယက်စနစ်များကို တပ်ဆင်ဆောင်ရွက်ပေးခဲ့ရာမှာလည်း ပိုးမွှား အန္တရာယ် များကြားမှ ကုသပေးနေတဲ့ ဆရာဝန်ကြီးများ ကျန်းမာရေး ပညာရှင်များနည်းတူ 5BB Broadband မှ နည်းပညာရှင်များ အင်ဂျင်နီယာများ ကလည်း တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင် ဖောင်ကြီးတွင် ကုသနေရသော အထွေထွေ ရောဂါဝေဒနာရှင်များအတွက် ဖောင်ကြီးမှ ဆရာဝန်ကြီးများနှင့် ပြင်ပမှ ထူးချွန်ဆရာဝန်ကြီး များပေါင်းစပ်ကုသဖို့ အတွက် အဓိကလိုအပ်နေတဲ့ Data communication များ လိုအပ်ချက်များကို တွေ့ရှိရပြီး ဆရာဝန်က လူနာများကို အမြဲလိုလို သွားကြည့်ဖို့ကလည်း ကူးစက်မြန်တဲ့ ရောဂါဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေး ပညာရှင်များကိုသာ ကူးစက်သွားခဲ့မယ်ဆိုရင် နောက်ထပ်လူနာတွေကို ဆက်လက် ကုသဖို့ ခက်ခဲသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့် ဆရာဝန်နဲ့ လူနာကြား အရေးပါတဲ့ ဆက်သွယ်မှုဖြစ်တဲ့ video communication နဲ့ဆက်သွယ်ပြီး ကုသရေး စနစ်တစ်ခုကို ထပ်မံလိုအပ်လာတာကိုလည်း ကျွန်တော်တို့ ဖြည့်ဆည်းဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်


ဖောင်ကြီး COVID 19 ကုသရေး စင်တာသို့ နေ့စဉ်ရောက်ရှိလာသည့် ထောင်နှင့်ချီတဲ့ ရောဂါဝေဒနာရှင်တွေ သူတို့ကို ကုသပေးနေတဲ့ ဆရာဝန်တွေ သူတို့ရဲ့ ချစ်ခင်ရတဲ့ မိသားစုတွေကြားမှာ ၂၄ နာရီ video call တွေခေါ်ဆိုပြီး တော့ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု အေးချမ်းမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ခံယူဖို့ မရှိမဖြစ် လိုအပ်လာတဲ့ video communication များကို အချိန်ပြည့်ခေါ်ဆိုနိုင်အောင် 5BB မှ Data သုံးစွဲမှု အကန့်အသတ်မရှိ ဖွင့်ပေးပြီးတော့မှ COVID စင်တာကြီးရဲ့ လိုအပ်ချက်များကို ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့တာဘဲ ဖြစ်ပါတယ် ဒါ့အပြင် Community Base Quarantine Center များဖြစ်ကြတဲ့ အင်းယားစင်တာ အလုံ Quarantine Center တွေကလည်း တောင်းဆိုချက်တွေ ထပ်မံ ရရှိလာတဲ့ အပေါ်မှာလည်း တတိယအဆင့် အနေနဲ့ တိုးမြှင့်ဆောင်ရွက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်..


ယခုလို ပါဝင်ဆောင်ရွက်မှုဟာ 5BB ကိုသုံးစွဲနေကြတဲ့ မိဘပြည်သူတွေနဲ့အတူ 5BB အဖွဲ့သားများက ယခုလိုကိုယ့်နို်ငံသားတွေ ထိခိုက်ခံစားနေချိန်မှာ ကိုယ့်နိုင်ငံသားတွေအတွက် ကိုယ်သာကုညီရမယ်ဆိုတဲ့ အများအတွက် ရည်ရွယ်တဲ့ အကျိုးစိတ်လေးနဲ့အတူ ပူးပေါင်းဝင်ရောက်ခဲ့တာဟာ အားလုံးရဲ့ စွမ်းဆောင်နိုင်မှုပဲ ဖြစ်ပါတယ်ရှင့်


COVID 19 ရောဂါဆိုတာ World Health Organization (WHO) နဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အတိုင်း COVID 19 ရောဂါ သည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိလျှင် ပိုမို အန္တရာယ် ရှိတာဖြစ်လို့ ကိုယ်ချစ်ခင်တဲ့ သူတွေနဲ့ ဆက်သွယ် စကားပြောတဲ့အခါ ပြေပျောက်သွားစေဖို့ စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှု ပေးနိုင်ဖို့နဲ့ ကြောက်ရွံ့မှုတွေကို ပျောက်ကင်းစေဖို့အတွက် 5BB Broadband မှ တစ်တတစ်အား ပါဝင်ကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်ရှင့်….


COVID 19 မုန်တိုင်း စကတည်းက ကူနေတာ COVID 19 မုန်တိုင်း အလယ် ရောက်သည့်တိုင် ကူနေဆဲပါဘဲ COVID 19 မုန်တိုင်း ပြီးသွားသည့်တိုင်ကူနေအုံးမှာပါ ။ မြန်မာပြည်သူ ပြည်သားတွေ နဲ့ အတူ အမြဲရှိနေမှာ 5BB Broadband ပါ။